– German Below –
ဂျာမနီမှာ မြန်မာနဲ့ပတ်သက်တဲ့ ပွဲတွေ ရှားပါတယ်။ မီဒီယာတွေမှာလည်း နွေဦးတော်လှန်ရေး အကြောင်းကို တင်ပြမှုတွေဟာ နည်းသထက်နည်းလာကြောင့် “ကမ္ဘာပေါ်က အမေ့ခံ စစ်ပွဲတွေ” ထဲက တစ်ခုအဖြစ် သတ်မှတ်လာကြပါတယ် (1)။
ဒီလို ဖြစ်ရတာကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိတည်နေရာအရရော၊ အခုနောက်ပိုင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး စတာတွေကို နိုင်ငံတွေရဲ့ မူဝါဒရေးရာဆိုင်ရာတွေမှာ ထည့်သွင်းစဉ်းစားမှုတွေ နည်းလာတာကတစ်ကြောင်း အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်။
ဒါကြောင့် မြန်မာပြည်အကြောင်း ဆွေးနွေးပွဲတွေ၊ အနုပညာပြပွဲတွေ၊ ဆန္ဒပြပွဲတွေဟာ မြန်မာပြည်နဲ့ လက်ရှိတော်လှန်ရေးကို နိုင်ငံတကာစင်မြင့်ပေါ်မှာ အရေးတယူ ပြုခံရဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါပါတယ်။ ဒါကြောင့် German Solidarity Myanmar အဖွဲ့အနေနဲ့ မိတ်ဖက်အဖွဲ့တွေက ဦးစီးဆောင်ရွက်တဲ့ ပွဲတွေကိုလည်း ကျွန်တော်တို့ရဲ့ လူထုဆက်သွယ်ရေး channels (Social Media, Website) တွေမှာ ကြေညာလေ့ရှိပါတယ်။
အခုလည်း လာမည့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဂျာမနီနိုင်ငံ ဘာလင်မြို့၊ Brunnenstraße 9, 10119 မှာ ရုပ်ရှင်ပြပွဲတစ်ပွဲ ရှိပါတယ်။
🗓️ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်
🕒 ညနေ ၃:၀၀ နာရီ
📍 MiCT, Brunnenstraße 9, 10119 Berlin
ဘာလင်မြို့အနီးတစ်ဝိုက်မှာ ရှိကြတဲ့ တော်လှန်ပြည်သူတို့ကို ဖိတ်ပါတယ်။ ကိုယ့်ရဲ့ နိုင်ငံတကာမိတ်ဆွေတွေကိုလည်း ဖိတ်ခေါ်စေချင်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးအကြောင်း တစ်ယောက်သိသွားတာကလည်း တစ်ယောက်ဆိုသလို အကျိုးရှိပါတယ်။
ဖြစ်နိုင်ရင် ဒီ post လေးကိုလည်း မိမိတို့ လူမှုမိတ်ဆွေအသိုင်းအဝိုင်းမှာ မျှဝေပေးစေချင်ပါတယ်။
လေးစားစွာဖြင့်
GSM Team
DE
Veranstaltungen über Myanmar sind in Deutschland leider selten geworden. Gleichzeitig erhält Myanmar in den internationalen Medien immer weniger Aufmerksamkeit und gilt zunehmend als einer der sogenannten „vergessenen Konflikte“ (1).
Gerade deshalb sind Filmvorführungen, Diskussionen und Kunstveranstaltungen wichtig. Sie halten Myanmar und die Frühlingsrevolution im internationalen Bewusstsein und schaffen Raum für Austausch und Solidarität.
📍 Wir laden Sie herzlich ein zur Filmvorführung mit anschließendem Austausch.
🗓️ 19. Juli 2026
🕒 Ab 15:00 Uhr
📍 MiCT, Brunnenstraße 9, 10119 Berlin
Wenn Sie in Berlin oder der Umgebung wohnen, kommen Sie gerne vorbei – und bringen Sie Ihre internationalen Freundinnen und Freunde mit.
Jede Person, die mehr über Myanmar erfährt, trägt dazu bei, die Aufmerksamkeit für die anhaltende Krise zu stärken.
#germansolidaritymyanmar #whatshappeninginmyanmar #whatishappeninginmyanmar





